ဖုန်းထဲ
tablet ထဲမှာ ads တွေပေါ်လာရင် စိတ်ပျက်သွား တတ်ပါလား။ ads တွေကို
ကြည့်ရုံနဲ့ တစ်လ $25 ရနိုင်မယ့် android app ပေါ်လာမယ် ဆိုရင်ကော…
သင့်စိတ်ကို ပြောင်းသွား မလား။
Ads
တွေကို မြင်ရလွန်းလို့ အဲ့အတွက် တစ်ခုခု ပြန်ရသင့်တဲ့ အချိန်
ရောက်နေပါပြီ။ Internet ပေါ်မှ fund ရှာပေးတဲ့ Indiegogo site မှ project
တစ်ခုဖြစ်တဲ့ SmartAds မှ smartphone နှင့် tablet user များအတွက် ရည်ရွယ်
ထားတဲ့ app အကြောင်း ဒီနေ့ပဲ ကြေငြာ ခဲ့ပါတယ်။ Device တစ်ခုရဲ့ lock screen
မှာကြော်ငြာတွေ တင်ပေးရုံနဲ့ တစ်လ $25 ပေးမယ့် app ပဲဖြစ်ပါတယ်။ အကယ်လို့
သင့်ဆီမှာ ဖုန်းတစ်လုံးနဲ့ tablet တစ်လုံး သာရှိမယ် ဆိုရင် သင်ဟာ တစ်လကို
$50 ရမှာပါ။

SmartAds
ဟာဒီလ အလယ်လောက်မှာ သူတို့ company ကိုတရားဝင် ကြေငြာဖို့ စီစဉ်ထား ပါတယ်။
သူတို့ဟာ လူတစ်ယောက်ရဲ့ အကြိုက်နဲ့ location ပေါ်မူတည်ပြီး ကြော်ငြာတွေ
ရွေးချယ် ပေးနိုင်မယ့် free Android app တစ်ခုနဲ့ အရင် မိတ်ဆက်မှာပါ။
ကြောငြာတွေဟာ ပေါ့ပေါ့ပါးပါးနဲ့ ဆန်းသစ် နေမှာပါ လို့လည်း ပြောထား
ပါသေးတယ်။ အကယ်လို့ သင့်အတွက် ကြော်ငြာ တစ်ခုက စိတ်ဝင်စားဖို့ မကောင်းဘူး
ဒါမှမဟုတ် စိတ်အနှောက်အယှက် ဖြစ်စေမယ် ဆိုရင် အဲ့ကြော်ငြာကို
လွယ်လွယ်ကူကူပဲ ပိတ်လိုက် နိုင်ပါတယ်။ အဲ့လို ဆိုရင်တော့ ပုံမှန် lock
screen ပြန်ပေါ် လာမှာပါ။ အဲ့လိုပဲ သင်ကြိုက်တဲ့ ကြော်ငြာ အကြောင်းကို more
info ကနေ သိနိုင်ပြီး ဝယ်ချင်တယ် ဆိုရင်လည်း လှမ်းဝယ်လို့ ရပါတယ်။
သူငယ်ချင်း တွေကို share လို့လည်း ရပါတယ်။

SmartAds ရဲ့ founder ဖြစ်တဲ့ Elijah Cusack ကဒီ app ကိုတရားဝင် ထုတ်ဖို့ သူတို့ အားလုံး စိတ်လှုပ်ရှား နေကြပါပြီ။ SmartAds app ဟာအခု ကြော်ငြာရှင်တွေ mobile user တွေကို ကြော်ငြာ နေပုံတွေ၊ users တွေ အနေနဲ့ mobile advertising ကိုယခုလက်ရှိ ပုံစံအတိုင်း ကြုံနေ ရတာတွေကို တွန်းလှန် သွားမှာပါ လို့လည်း ပြောကြား သွားပါတယ်။ သူတို့ company ဟာ အင်မတန် အတင့်ရဲတဲ့ အဆိုတွေ ကိုလည်း ပြောကြားထား ပါသေးတယ်။ ဒီလို အလင်းရောင် ကောင်းကောင်းနဲ့ အရောင်အသွေး စုံတဲ့ ကြောငြာတွေဟာ battery သက်တမ်းကို လျှော့ကျ စေတာမျိုး၊ user ရဲ့ကိုယ်ရေး အချက်အလက် တွေကို အသုံးပြု တာမျိုး မရှိပါဘူးတဲ့။ အဲ့တာ တကယ်ဟုတ်၊ မဟုတ်ကိုတော့ ကိုယ်တိုင်ပဲ စောင့်ကြည့် ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီလို ကြော်ငြာတွေ တစ်ခုပြီး တစ်ခု အတွက် တစ်လကို $25 ရနိုင်မယ် ဆိုတာ ကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ SmartAds company ဟာသူတို့ ရည်ရွယ် ထားတဲ့ အတိုင်း တကယ် ဖြစ်လာနိုင်ဖို့ ရန်ပုံငွေ $50,000 တိတိ ရှာဖွေ စုဆောင်းဖို့ သတ်မှတ် ထားတဲ့ အချိန် ပြည့်ဖို့ ရက်ပေါင်း ၁၆ရက် အလိုမှာတော့ $370 ရရှိခဲ့ပြီ ဖြစ်ပါတယ်။

စမ်းချင်တဲ့သူတွေအတွက် http://smartadsonline.com/ မှာစမ်းနိုင်ပါတယ်...
Sources : Mashable, Images from Laptopmag,Techenclave
အဆင်ပြေပါစေဗျာ.....
0 comments:
Post a Comment