Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

webcam နဲ့ လက်ဟန် အမူအရာလေး ပြပြီး သီချင်းတွေ.ဗွီဒီယိုတွေ ခိုင်းမယ်ဗျာ....

Computer မှာသီချင်းတွေ videoတွေကြည့်ရင်း ခဏ pause လုပ်ဖို့ ၊ပြန်ပြီး play လုပ်ဖို့ကို ဘာခလုတ် ဘာ click မှလုပ် စရာ မလိုဘဲ webcam ကို လက်ဟန် အမူအရာလေး ပြရုံနဲ့ လုပ်ခိုင်းလို့ ရပါတယ်။
media player တွေကိုသုံးပြီး သီချင်းတွေ videoတွေ ခံစားကြည့်ရှုနားဆင်ရာမှာ ပိုမိုအဆင်ပြေစေဖို့  plug in တွေပေါ် လာလိုက်တာ တစ်နေ့တစ်မျိုး မရိုးရအောင်ပါပဲ။ တချို့ plug inတွေက media library တွေသုံးရတာ ပိုအဆင်ပြေစေ တယ်။ တချို့ plug inတွေက hotkeys လို့ခေါ်တဲ့ အလွယ်သုံး keyတွေ သုံးလို့ ရစေတယ်။ တချို့တွေကတော့ audio, video code အမျိုးပေါင်း များစွာကို ဖွင်လို့ ရအောင် လုပ်ပေးတယ်။

ခေတ်ရှေ့ ပြေးတတ်တဲ့ user တော်တော် များများဟာ media player တွေရဲ့ ပုံမှန် function တွေကို ချဲ့ထွင်ဖို့ အတွက် third party extension တွေကို အားကိုး အသုံးပြု တတ်ကြပါတယ်။ ဥပမာ- windows media player တို့ Win amp တို့ အတွက် lyric plugin ဆိုရင် သီချင်း lyrics တွေကို auto download လုပ်ပေးပြီး track တွေရဲ့ ID3 tag အနေနဲ့ သိမ်းပေးပါတယ်။ အဲ့ဒီလိုပဲ album art တို့၊ album ဖြန့်တဲ့နှစ်တို့ albumနာမည်တို့ လိုမျိုး သီချင်းနဲ့ ပတ်သက်ပြီး မပါတဲ့ information တွေကို download လုပ်ပေးတဲ့ add in တွေ အများကြီး ရှိပါတယ်။

1

ဒီတော့ တစ်ခါတစ်ရံ သင်က သီချင်းတွေ video တွေကြည့်ရင်း ခဏ pause လုပ်ဖို့ ၊ပြန်ပြီး play လုပ်ဖို့ကို ကွန်ပျူတာရဲ့ အဝေးမှာ ရောက်နေလို့ လက်လှမ်းမမီ ဖြစ်နေတာ၊ mouse click တို့ hot keyတွေ ထနှိပ်ဖို့ ပျင်းနေတာတွေ ဖြစ်တတ် တယ်မဟုတ်လား။ တကယ်တော့ gesture လေးပြပြီး သီချင်းရပ်အောင် ဖွင့်အောင် လုပ်လို့ရပါတယ်။

ပြီးခဲ့တဲ့ လတုန်းက Mac OS အသုံးပြုသူ တွေအတွက် iTunes နဲ့ Spotify မှာ gesture လို့ခေါ်တဲ့ လက်ဟန်အမူ အရာကို သုံးပြီး player ကို ထိန်းချုပ်တဲ့ Flutter ကိုတွေ့ရှိခဲ့ပါတယ်။ အခု အဲဒီ Flutter ကို Windows OS ရဲ့ windows media player နဲ့ winamp တွေမှာ သုံးလို့ရအောင် တင်ပေး လိုက်တာ တွေ့ရပါတယ်။ လောလော ဆယ်တော့ Windowsမှာ Flutter ကိုသုံးပြီး media file တွေကို ခဏရပ်တာ ပြန်ဖွင့်တာ တွေပဲ လုပ်နိုင် ပါသေးတယ်။ Flutter ရဲ့developer တွေကတော့ play/pause အပြင် track အသွားအလာ အပြောင်းအလဲ၊ playlist ထဲက သီချင်းတွေကို ရောနှော မွှေနှောက်ခြင်းစတဲ့ တခြား လက်ဟန် အမူအရာ တွေကိုလဲ ထပ်မံ ပေါင်းထည့် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

2

Flutter ကိုသုံးဖို့ အတွက်ကတော့ သင့်ရဲ့ လက်အမူအရာ ကို ဖမ်းယူဖို့ webcam တစ်ခုပဲလိုမှာပါ။ သင့်ရဲ့ လက်ဟန် အမူ အရာကို webcam ကတဆင့် flutter ကဖတ်လိုက်ပြီ ဆိုတာနဲ့ သင်ဖွင့်လက်စ track ကို play လုပ်တာ pause လုပ် တာတွေ လုပ်ဆောင်ပေးပြီး on-screen indicator ကလဲ screen ပေါ်မှာ play/pause ကို ပြပေးမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ webcam ကောင်းတာလေး သုံးရင်တော့ ပိုသင့်တော် ပါတယ်။ ဒါမှ သင့်ရဲ့ လက်ဟန် လှုပ်ရှားမှုကို webcam ကချက်ချင်း ဖတ်နိုင်ပြီး media file ကို ရပ်ဖို့ ပြန်ဖွင့်ဖို့ ခိုင်းစေနိုင်မှာပါ။

3

Flutter ကိုသုံးခြင်းရဲ့ အဓိက အကျိုး ကျေးဇူးကတော့ play/pause လုပ်ဖို့အတွက် mouse click တို့ hot key တို့ဘာမှ နှိပ်စရာ မလိုခြင်းပါပဲ။ Flutterဟာ window က active ဖြစ်မနေတဲ့ အချိန်မှာတောင် အလုပ် လုပ်ပါတယ်။ Flutter ကို install လုပ်ပြီးသွားရင် သင် hand gesture မသုံးခင် media player မှာ play list တစ်ခုခုကို အရင် ဖွင့်ထား လိုက်ပါ။ webcam လဲအသင့် ရှိပါစေနော်။ status bar ပေါ်က flutter icon လေးကို နှိပ်ပြီး webcam အဖွင့်အပိတ်တို့ camera ရွေးတာတို့ auto startတို့ လုပ်နိုင်ပါတယ်။ အားလုံး အသင့်ပဲ ဆိုရင်တော့ webcam ရှေ့နား လောက်မှာ stop hand gesture ဖြစ်တဲ့ လက်ဝါးကို ဖြန့်ထောင် ပြလိုက်ပါ။ သင့်ရဲ့ ဖွင့်လက်စ သီချင်း ရပ်သွားပါမယ်။ နောက်တစ်ကြိမ် လက်ဝါး ထပ်ထောင် ပြလိုက်ရင် သီချင်း ပြန်လာပါတယ်။

4

တစ်ခါတစ်ရံမှာ gesture ပြလို့မှ မတုန့် ပြန်တော့ရင် media player ကိုပိတ်လိုက်ပါ။ သင့် webcam ကိုလဲ disconnect လုပ်ပြီးမှ ပြန် connect လုပ်ကြည့်ပါ။ ပြီးတာနဲ့ media player ကို ပြန်ဖွင့်ပြီး gesture ပြန်စမ်း ကြည့်ရပါမယ်။ ဒီ application က Windows XP, Windows Vista နဲ့ Windows7 မှာ အလုပ်လုပ် ပါတယ်။ 32bit နဲ့ 64bit OS နှစ်မျိုး စလုံးမှာ သုံးလို့ရပါတယ်။ စာရေးသူ ကိုယ်တိုင် windows7 မှာစမ်းကြည့်တာ သုံးလို့ အဆင်ပြေ ပါတယ်။

https://flutterapp.com/ မှာ windows အတွက် download လုပ်လို့ ရပါတယ်။ Mac OS မှာ iTunes နဲ့ Spotify အတွက် လိုချင်ရင်တော့ https://flutter.io/ မှာယူလို့ ရပါတယ်။
အဆင်ပြေပါစေဗျာ....

0 comments:

Post a Comment