Windows
မှာမူလ ပါရှိတဲ့ command prompt ကို outdate ဖြစ်နေပြီလို့ မထင်မိဘူးလား။
အဲဒီ command prompt ကို အစားထိုး သုံးဖို့ command prompt အလန်း နှစ်ခုနဲ့
မိတ်ဆက် ပေးချင်ပါတယ်။
တကယ်တမ်းတော့
windows command prompt မှာပါတဲ့ command line တွေက outdate ဖြစ်တာ
မဟုတ်ပါဘူး။ command prompt ရဲ့ပုံစံနဲ့ သူ့မှာ လိုအပ်တဲ့ shell တို့ text
selection တို့ tab တွေတို့ ဖောက်ထွင်း မြင်နိုင်စေ တာတို့မှာ outdate
ဖြစ်တာပါ။ ဒါ့ကြောင့်မူလ command prompt အစား သုံးလို့ရမယ့် ConEmu
အကြောင်းကို အရင်ပြော ပြပါမယ်။

ConEmu
ခေါ် ConEmu-Maximus5 ဟာနောက်ဆုံးပေါ် windows console တစ်ခုဖြစ်ပြီး
ရွေးချယ်စရာ option အများအပြားနဲ့ သုံးစွဲသူစိတ် ကြိုက်ပုံစံကို
ပြောင်းလို့ ရစေပါတယ်။ သူ့ရဲ့မူလ screenက information တွေပြတဲ့ status bar
နဲ့ tab bar တစ်ခု ပါရှိပါတယ်။ သူ့ကို အမြင်လှအောင် transparency
ပြောင်းပြီး ဖောက်ထွင်း မြင်ရအောင် လုပ်လို့ လဲရပါတယ်။

သင့်ရဲ့
console အတွက် transparency မကြိုက်ရင်လဲ wallpaper လိုမျိုး နောက်ခံ
Image ထည့်သုံးနိုင် ပါတယ်။ ConEmu ကိုသုံးတဲ့အခါ screen အပေါ် ဘက်ကနေ
လျှောဆင်းလာတဲ့ console style လေးလဲ ပါရှိပါတယ်။
ConEmu
setting ရဲ့ task pane မှာ windows 7 နဲ့ 8 ရဲ့ task bar မှာလိုမျိုး
သုံးနေကျ comomand တွေကို အလွယ်တကူ ဖွင့်နိုင်တဲ့ jump-list entry တွေကို
ထည့်ထားလို့ ရပါတယ်။ ConEmu tab မှာလဲ GUI application လိုမျိုး
ရိုးရှင်းတဲ့ application တွေကို ထည့်ထားလို့ ရပါသေးတယ်။

သင်က
chkdsk (check disk) command ကိုသုံးတဲ့ အခါမျိုးမှာ ConEmu ရဲ့ taskbar
entry မှာ စစ်ဆေးမှု အခြေအနေကို prograss bar လေးနဲ့တောင် ပြပါလိမ့်မယ်။

သင်ဘာ
option ကိုရွေးစရာ ရှိရှိ ConEmu ရဲ့ extensive setting မှာ ရှာလို့ရပါ
သေးတယ်။ ဥပမာ- သင်က ConEmu window မှာ run နေတဲ့ application တွေမှာ
အခြေခံပြီး setting အမျိုးမျိုးကို သတ်မှတ်လို့ ရပါတယ်။ ဒါ့အပြင် ConEmu
မှာ Norton commander လိုမျိုး Far Manager လို့ခေါ်တဲ့ text ကိုအခြေခံတဲ့
file manager လဲပါရှိ ပါတယ်။ file တွေကို text-mode file manger ထဲကို
ဆွဲပြီး ထည့်လိုက်ရုံနဲ့ သုံးနိုင် ပါတယ်။

နောက်ထပ်
command prompt အသစ်တစ်မျိုး ကတော့ Console2 လို့ခေါ်ပါတယ်။ ConEmu
နဲ့ယှဉ်ရင် Console 2 မှာက ပြောင်းစရာ သိပ်မပါပါဘူး။ ဒါပေမယ့် tab
တွေခွဲပြီး tab တစ်ခုစီမှာ shell တစ်မျိုးစီ runလို့ရတဲ့ feature မျိုးတော့
ပါပါတယ်။ ဥပမာ- ဘယ် program အတွက်ပဲ ဖြစ်ဖြစ် ပုံမှန် command prompt
shell တစ်ခုရှိပြီး တစ်ပြိုင်နက်ထဲ window တစ်ခုထဲမှာပဲ console
အမြင့်တစ်ခု ထပ်ဖွင့်လို့ ရပါတယ်။ startmenu ကိုပြန်သွား စရာမလိုဘဲ
ဖွင့်လက်စ program ထဲကနေ tab အသစ်တွေကို ထပ်ထပ်ပြီး ဖွင့်နိုင်တာပါ။ သတိ
ပြုရမှာကဒီ feature ကမူလ အနေနဲ့ မရှိတာကြောင့် သင့်ဘာသာ entry တွေထပ်ပေါင်း
ရမှာ ဖြစ်ပါတယ်။

ConEmu
နဲ့ယှဉ်ရင် Console2 ရဲ့ setting ကနည်းပါတယ်။ ဒါပေမယ့် windows command
prompt ထက်တော့ အများကြီး သာပါတယ်။ ConEmu မှာလိုမျိုးပဲ ဖောက်ထွင်း
မြင်ရတဲ့ window နဲ့ custom background တွေလဲ ထည့်လို့ ရပါတယ်။ console tab
တစ်ခုစီကို image တစ်မျိုးစီ ထားလို့ရပြီး အဲ့လို မထားချင်ရင် desktop
wallpaper ကိုပဲ ထည့်ထားလို့ လဲရပါတယ်။ tab တွေကို နာမည်ပြောင်း ပေးလို့လဲ
ရပါတယ်။


အထက်ပါ
application နှစ်မျိုး စလုံးဟာ windows command prompt ကိုအသာလေး အနိုင်ယူ
သွားပါတယ်။ ဒီ application တွေက အမြင်လှရုံ တင်မကဘဲ console tab
တွေခွဲဖွင့်တာ၊ window တစ်ခုထဲမှာ shell တွေခွဲသုံးတာ အစရှိတဲ့ သွင်ပြင်
လက္ခဏာတွေ ပါတာကြောင့် သင့်အတွက် သုံးရတာ အဆင်ပြေ စေမှာပါ။ အောက်မှာ
download ရယူနိုင်ပါတယ်။
မူရင်းလင့်ကတော့...
Download ConEmu: http://code.google.com/p/conemu-maximus5/
Download Console 2: http://sourceforge.net/projects/console/
Written by Kyi Kyi Zin, source and images : howtogeek.com အဆင်ပြေပါစေ...
http://nyeinchanthu3.blogspot.com/
0 comments:
Post a Comment