ရခိုင်ပြည်နယ်ကို မနေ့က ရောက်ရှိလာတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေဟာ ဒီကနေ့မှာ ကျောက်တော်နဲ့ မြောက်ဦးမြို့ တို့ကို ရဟတ်ယာဉ်တွေနဲ့ သွားရောက်နေကြတယ်လို့ ဆိုပါတယ်။
ဒီကနေ့ နံနက်မှာ ကျောက်တော်မြို့ရှိ စကခ (၉) ကိုရောက်ရှိလာပြီး ကျောက်တော် မဟာမုနိ ရှင်တော်မြတ်ကို တော့ နံနက် ၁၀ နာရီခွဲခန့်မှာ ၀င်ရောက် ဖူးမျှော်သွားတယ်လို့ ဆိုပါတယ်။ မြောက်ဦးမြို့သို့ နံနက် ၁၁ နာရီ ၁၅ မိနစ် ခန့်မှာ ရောက်ရှိလာပြီး ခမရ ၃၇၇ တပ်ရင်းကို သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရခိုင် ခရီးစဉ်မှာ တပ်မတော် (ရေ) ဦးစီချုပ် ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ တပ်မတော်(လေ) ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တို့ အပါအ၀င် ဒါဇင်နဲ့ ချီတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေလည်း အတူ လိုက်ပါလာကြတယ်လို့ သိရပါတယ်။
narinjara burmese news
အဆင်ပြေပါစေ....










:a
:b
:c
:d
:e
:f
:g
:h
:i
:j
:k
:l
:m
:n
:o
:p
:q
:r
:s
:t 


0 comments:
Post a Comment