Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

လယ်သမားများနှင့် အမှုဖြစ်နေသော ဗိုလ်မှူးချုပ်စိုးရှိန်အမှု ဘက်လိုက်ခြင်းမရှိ ကိုင်တွယ်မည်


နေပြည် တော်တွင် လယ်သမားများနှင့် အမှုဖြစ်နေသော ဗိုလ်မှူးချုပ်စိုး ရှိန်အမှုကို ဘက်လိုက်ခြင်းမရှိ ဥပဒေအတိုင်း အမှန်အတိုင်းကိုင် တွယ်ဆုံးဖြတ်မည်ဟု နေပြည် တော်မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦး က ပြောသည်။ အဆိုပါ အဆင့်မြင့်အရာ ရှိက ''ပြည်သူတွေကတော့ထင် ကြမယ် ဒီအမှုကို ဘက်လိုက်မှု တွေရှိလိမ့်မယ်ဆိုပြီးတော့ပေါ့။ အဲလိုမျိုးမဟုတ်ဘူး။ ဥပဒေအ တိုင်းပဲဆုံးဖြတ်မှာပါ။ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ကဖြစ်စဉ်မှန် အတိုင်းစုံစမ်း ပြီး ဥပဒေအရ အရေးယူအပြစ် ပေးမှာပါ။ လောလောဆယ်တော့ ဒီအမှုက ဆက်စစ်နေတုန်းပဲ''ဟု ပြောသည်။

ယခုနှစ် ဇူလိုင်၆ရက်က လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျေးရွာအုပ်စု အင်းတိုင်သာရွာ ရှိ ကိုအောင်သန်းဦးလယ်မြေ သို့သွားရောက်ကာ ဗိုလ်မှူးချုပ် စိုးရှိန်က သေနတ်ပြပြီး ''ငါ့မြေ ကိုဝင်လုပ်ရင် ပစ်သတ်မည်''ဟု ခြိမ်းခြောက်ခဲ့ပြီး ဗိုလ်မှူးချုပ် စိုးရှိန် ၏ တပည့်ဗိုလ်မှူးလှိုင်မျိုးဝင်း က တောင်သူမခင်တင့်၏ လယ် သို့ရောက်လာပြီး မခင်တင့်၏ရင် ဘတ်ကိုဆွဲကာ လက်သီးဖြင့် ထိုး ရန်ကြံစည်ခဲ့သောကြောင့် ကာယ ကံရှင်နှစ်ဦးက သက်သေများနှင့် အတူ လယ်ဝေးရဲစခန်းသို့ စာရေး ကာ တိုင်ကြား ခဲ့ကြောင်း၊ အဆို ပါအမှုကို လယ်ဝေးရဲစခန်းက ဩဂုတ် ၁၂ရက်မှ စတင်ကာစစ် ဆေးနေကြောင်း သိရသည်။

ယင်းကဲ့သို့ တိုင်ကြားခံရသည့်ဗိုလ်မှူးချုပ်စိုးရှိန်မှာ အငြိမ်း စားဗိုလ်ချုပ်မှူးကြီး၏ ကိုယ်ရံ တော်တစ်ဦးဖြစ်ကြောင်း သိရသည်။ တရားလွှတ်တော် ရှေ့နေတစ်ဦး က''အမှန်အတိုင်းဖြစ်ပါစေလို့ ပဲဆုတောင်းရမှာပဲ။ နစ်နာသူက နစ်နာတယ်လို့ တိုင်ကြား တာကို ရဲစခန်းနဲ့ တရားရုံးက အမှန်အ တိုင်း ဘက်မလိုက်ဘဲဖြေရှင်းရဲ တဲ့ စိတ်ဓာတ်ရှိရမယ်''ဟုပြောသည်။ တရားပြိုင်ဘက်မှ တာဝန် ရှိသူများကို ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာမှ အချိန်မီဆက်သွယ် သော်လည်း ဆက်သွယ် မှုမရခဲ့ ပေ။

ကျော်မြတ်ဇံ
The Yangon Times

0 comments:

Post a Comment