Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

ဗိုလ်တထောင်မြို့နယ်တွင် အလေးမသည့် ၆၈ နှစ်ရွယ်အမျိုးသားကြီး ဝိတ်ပြားပိသေဆုံး


ဗိုလ်တထောင်မြို့နယ်တွင် အလေးမသည့် အမျိုးသားကြီးတစ်ဦး ဝိတ်ပြားများပိ၍ သေဆုံးခဲ့မှုတစ်ခု ဒီဇင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ သေဆုံးမှုမှာ (၉)ရပ်ကွက်၊ ဗဟာဗန္ဓုလလမ်း၊ အမှတ် (၂၆၃)တွင် ဝိုင်အမ်စီအေ ခန်းမတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခန်းမလုံခြုံရေးဖြစ်သူက အကြောင်းကြားချက်အရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ဝိတ်ပြားပိ၍ သေဆုံးခဲ့သူမှာ ဦးအောင်ကြီး (၆၈)နှစ်နေသူဖြစ်ပြီး ဗညားဒလလမ်း၊ ဗျိုင်းရေအိုးစင်ရပ်ကွက် ၊ တာမွေမြို့နယ်နေသူဖြစ်သည်ဟု ရဲက အတည်ပြုထားသည်။

၎င်းသည် ကာယအလှအလေးမခန်းမှတွင် အလေးမသည့်ဝိတ်ပြား တစ်ဖက် (၄) ချပ်စီပါ၊ ပေါင်(၃၀၀)ခန့်အား မတင်ရာမှ ဝိတ်ပြားပိခဲ့ခြင်းလည်းဖြစ်သည်။ ၄င်းကို မှောက်လျက် ဝိတ်မသည့် သံတိုင်ဘေးတွင် မျက်နှာညာဘက်ခြမ်းမှာ သံတိုင်နှင့် ထိမိပြီးဝိတ်ပြားများပြုတ်ကျကာ ဝိတ်ပြားတန်းသံချောင်းမှာ ဦးခေါင်းနှင့် ဇက်ပိုးပေါ်မှ ပိလျက် သေဆုံးနေသည်ကို ရဲက တွေ့ရှိထားသည်။

သေဆုံးသူတွင် ယာဘက်ခြမ်းမျက်နှာတွင် ညိုမဲဖူးရောင်ဒဏ်ရာနှင့် နှာခေါင်းသွေးထွက်ပေါက်ပြဲဒဏ်ရာများ ရရှိသဖြင့် အလောင်း ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးလျက်ရှိသည်။

ယင်းသေဆုံးမှုဖြစ်စဉ်ကိုလည်း ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲအုပ် သန့်ဇင်ဝင်းက တရားလိုပြုလုပ် တိုင်တန်းထားသဖြင့် ဗိုလ်တထောင်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ဒုရဲမှူးသာဇံ က စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima Burmese
အဆင်ပြေပါစေ.....

0 comments:

Post a Comment