ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉

ကိုယ်ရေးကိုယ်တာအတွက်
ခရီးထွက်နေရတတ်သည်။ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းနှင့် ကြုံပြီး
သတင်းကောင်း ကြားရမည်။ လုပ်ငန်းစီးပွား စွန့်စားရမှုများ ရှိလာတတ်ပြီး
ရဲရင့်ပြတ်သား စိတ်ဓာတ်ခွန်အား တိုးပွားဖွံ့ဖြိုးလာမည်။ အချစ်နှင့်
အိမ်ထောင်ရေးမှာ ၀မ်းသာ ကံကောင်းလိမ့်မည်။
* စည်းစနစ်သတ်မှတ် ဆောင်ရွက်တတ်စေ။
မိန်ရာသီဖွား (Pisces) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁
ပညာတန်ဖိုး
အထူး သိတတ် သတိချပ်သော် ကောင်းကျိုးဝေအံ့။ ကတိစကားတည်စေကြောင်းမှာ
ကောင်းမှုမြတ်နိုး ကောင်းအောင် ကြိုးစားရပါမည်။ လူမှုရေးရာမှာ သူကောင်းပြု
ခံရတတ်သည်။ လောကဓံကို စိန်ခေါ်တတ်သူအတွက် အခွင့်အရေးကောင်း ဖြစ်ပါသည်။
အချစ်ရေးမှာ ဦးစားပေးတတ်မှု ရှိရပါမည်။
* မိမိကိုယ်မိမိ တန်ဖိုးထား လေးစားပါ။
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀

ပုဂ္ဂိုလ်ရေးကိစ္စကို
လျှို့ဝှက်နိုင်သောကြောင့် အကျိုးရှိပါလိမ့်မည်။ လူမှုကျင့်ဝတ်များကို
ထိန်းသိမ်းနိုင်သောကြောင့် မိမိတန်ဖိုး ဆတက် တိုးမည်။ လုပ်ငန်းစီးပွားမှာ
ငွေကြေး ယုံကြည်အပ်နှံမှု အငြင်းပွားတတ်သော်လည်း မိတ်ဆွေကောင်း၏
ကူညီမှုကြောင့် အဆင်ပြေမည်။ ချစ်ခွင့်ချစ်ရေး ဦးစားမပေးနိုင်တတ်ပါ။
* တစ်ဇွတ်ထိုး မလုပ်နှင့်။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁
မတူနိုင်သောအကြောင်းကို
တုမိသောကြောင့် စီးပွားပျက်တတ်သည်။ ယုံကြည်ထိုက်သူများနှင့် သဟဇာတ
မဖြစ်သောကြောင့် မိတ်ဆွေကောင်း ဆုံးရှုံးရလိမ့်မည်။ လူမှုစီးပွား
အခွင့်အရေးကောင်းကို အသုံးမချသောကြောင့် အဆက်အသွယ်ပြတ်တတ်သည်။ စွဲလမ်း
စိတ်ကြောင့် အခက်တွေ့တတ်သည်။
* သတိလက်လွတ် မဖြစ်စေနှင့်။
မေထုန်ရာသီဖွား၊(Gemini) မေ ၂၂ မှ ဇွန် ၂၂

မှန်ကန်မှုကို
အကြောင်းပြုပြီး လူမှန်နေရာမှန် ကောင်းကျိုးရမည်။ သေချာသော
ရင်းနှီးမြှုပ်နှံမှု ပြုရမည်။ ယုံကြည်စိတ်ချသူ၏ မရိုးသားမှု ရှိလာတတ်သည်။
ခရီး ယာယီသွား လာရခြင်းမှ မိတ်ဆွေကောင်းနှင့် ကြုံတွေ့ရပြီး
အဆက်အသွယ်ကောင်းများ ရမည်။ အကျင့်စရိုက်မှာ နှလုံးသားရေးရာ
သော့ချက်ဖြစ်သည်။
* ရွေးချယ်မှု မမှားစေနှင့်။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃
ယုံကြည်မှုလွဲမှားပြီး
ဆရာကောင်း နှင့် ကင်းကွာနေတတ်သည်။ အဆက်အသွယ်ကောင်း ချိတ်ဆက်မိနိုင်ရေး
အခက်တွေ့နေရတတ်သည်။ ထူးခြားစွာ ကံကောင်းလာကိန်း ရှိသည်။
စိတ်ပိုင်းလေ့ကျင့်မှုများ ပြုလုပ်လာ တတ်လိမ့်မည်။ ငွေကြေးကိစ္စ အဆင်ပြေမည်။
ချစ်ခွင့်ကြုံခိုက် ၀ီရိယစိုက်ရပါမည်။
* သဘောသဘာဝနှင့် ထင်ဟပ်ပြီးသုံးသပ်ပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃

မာနကို
ခ၀ါမချနိုင်တတ်ပါ။ အတ္တလွန်ကဲပြီး ကြိုးဆွဲ ချယ်လှယ်မှုကြောင့်
စိတ်ဖိစီးမှုများ ရှိနေတတ်သည်။ တံလျှပ်ကို ရေထင် ရွှေသမင်အလိုက်မှားပြီး
အကုသိုလ်အကြောင်း တရား၏ ဓားစာခံဖြစ်တတ်ပါသည်။ အစိုးမရသည့် ရေပွက်ပမာ
မာနကင်းစင်ဖို့ အရေးကြီးပါသည်။ နှလုံးသား မညစ်နွမ်းပါစေနှင့်။
* ကောင်းမှုကို အကြောင်းပြုနိုင်ပါစေ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃
အဆိုးအကောင်းကို
စိတ်ရှည် သည်းခံမှုဖြင့် ရင့်ကျက်စွာ တုံ့ပြန် နိုင်တတ်သောကြောင့်
ယုံကြည်အားထားမှု ခံရမည်။ လုပ်ငန်းစီးပွားမှာ သေချာဆုတ်တက်
မာနမဖက်သောကြောင့် ဆုံးရှုံးမှုကင်းမည်။ ထူးခြားစွာ ငွေဝင်ကိန်းများရှိပြီး
ပရဟိတလုပ်ငန်းများ ဦးဆောင် ရလိမ့်မည်။ ချစ်ခွင့်ချိန်ခါ သင့်လိမ့်မည်။
* မြော်မြင်ကြီးမား စိတ်မကစားနှင့်။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃

ပစ္စုပ္ပန်အခြေအနေမှာ
အနာဂတ်ပုံရိပ်ကောင်း ဖော်ထုတ်နိုင်ရေး အပြန်အလှန်ချိတ်ဆက်
အကျိုးပြုနေရပါမည်။ နားလည်မှု မလွဲသော လူမှုရေးဟန်ချက်အတွက် တာဝန်သိစိတ်ဖြင့်
ဆောင်ရွက်ရပါမည်။ လုပ်ငန်းစီးပွား ရေရှည်အားထားနိုင်စွမ်း ရှိလာမည်။
နှစ်ကိုယ့် တစ်စိတ်ဘ၀မှာ စာရိတ္တအရေးကြီးသည်။
* တရားဓမ္မ လက်ကိုင်ထားပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂
နိုးကြားထက်မြက်ပြီး
ယုံကြည်မှု နှင့် ပညာကို ချိန်စက်နိုင်ရမည်။ ထိရောက်စွာ သုံးသပ်နိုင်မှသာ
ဩဇာနှင့် အာဏာတို့၏ တန်ဖိုး နှင့် ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ သဟဇာတ
ဟန်ချက်မျှပေမည်။ လူနှင့် လူ့ပတ်ဝန်းကျင်မှာ ကင်းကွာ၍ မရသော
အကြောင်းဖြစ်သောကြောင့် လူအချင်းချင်း တန်ဖိုးထားရပါမည်။
* လူကို လူလို မြင်တတ်ရပါမည်။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂

ကိုယ်ကျင့်တရား
မပျက်ကောင်းပေ။ ၀ီရိယသည် သေချာသော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ နေ့စဉ်
ဘ၀သည် အတ္တပရအကျိုး မျှတ သယ်ပိုးရပေမည်။ အကုသိုလ် အပြစ်ကင်းစင်မှသာ
လူမှုဘ၀အေးချမ်းပေမည်။ အပြန်အလှန် ယုံကြည်အားကိုးမှု ရှိမှသာ
တိုးတက်ဖြစ်ထွန်းပါမည်။ ချစ်ကံလင်းလက် အဖြေထွက်မည်။
* ဘ၀ကို ပေးဆပ်တတ်ရပါမည်။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉
စေတနာကောင်းက
ကံကောင်း ပေမည်။ အားကိုးမဲ့ဖြစ်ရခြင်းမှာ စာရိတ္တယိုယွင်း ပျက်စီးလာသော
လူမှုဘ၀အခြေကြောင့် ဖြစ်ပါသည်။ ကိုယ့်အားကိုယ်ကိုးနေရခြင်းမှာ ခိုင်မာ
သေချာသော မင်္ဂလာတစ်ပါး ဖြစ်ပါသည်။ မိမိတန်ဖိုးကို ကိုယ်တိုင်ဖော်ထုတ်ခွင့်
ရခြင်းမှာ ကံကောင်းနေခြင်း ဖြစ်ပါသည်။
* ရိုးသားကြိုးစား နိုးကြားရပါမည်။
ကံသုံးပါးကို ပညာသိဖြင့် ပြုလုပ်ခြင်းမှာ တိုက်ရိုက်မူလ 'ယတြာ' ဖြစ်သည်။
ဆရာ အောင်မြင်ကျော်
အမှတ် (၁၀၃)၊ ၃ လွှာ၊ သမိန်ဗရမ်းလမ်း၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၉ ၇၃၁၃ ၅၆၃၂၊ ၀၉ ၄၅၀၀ ၂၉၁၈၃။
အဆင်ပြေကံကောင်းကြပါစေဗျာ.....
0 comments:
Post a Comment