Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

Video Call ခေါ်ဆိုနိုင်သော Viber မိုဘိုင်း ဗားရှင်းသစ်စတင်အသုံးပြုနိုင်


 Viber မိုဘိုင်းအက်ပလီကေးရှင်းတွင် Video Call ခေါ်ဆိုမှုကို အသစ်ထုတ်လုပ်လိုက်သည့် Viber ဗားရှင်း 5.0 တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အခုဆိုရင် Viber ကိုသုံးပြီး ဗီဒီယိုခေါ်ဆိုမှုကို သင့်ရဲ့မိုဘိုင်းဖုန်းမှာသာမကဘဲ PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်းသုံးနိုင်ပြီဖြစ်တာကြောင့် သုံးစွဲသူတွေအတွက် အဆင်ပြေဆုံးဖြစ်စေမှာပါ’’ဟု Viber ၏ CEO ဖြစ်သူ Talmon Marco က ပြောကြားခဲ့သည်။

အင်တာနက် ကွန်နက်ရှင်ရှိရုံဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့်SMS ပေးပို့ခြင်းတို့ကို အခမဲ့ပြုလုပ်နိုင်သည့် Viber မိုဘိုင်းအက်ပလီကေးရှင်း၏ ဗားရှင်းအသစ် 5.0 တွင် ဗီဒီယိုခေါ်ဆိုမှု ပါဝင်လာရုံမက မိတ်ဆွေများ၏ Viber နံပါတ်ကိုရိုက်ထည့်ခြင်း QR code နှင့် Scan ဖတ်ခြင်းတို့ပြုလုပ်ပြီး Contacts များကို အလွယ်တကူစီမံခန့်ခွဲနိုင်သည့် နည်းစနစ်လည်းပါဝင်သည်။
အသစ်ထုတ်လုပ်လိုက်သည့် ဗားရှင်းအသစ်တွင် iOSသုံးစွဲသူများအနေဖြင့် sticker packs လေးများကို on/offလုပ်နိုင်ကာ reorder လည်းလုပ်နိုင်ပြီး photo message များကို အလွယ်တကူ forward လုပ်နိုင်သည့် လုပ်ဆောင်ချက်အသစ်များထည့်သွင်းပေးထားကြောင်း သိရသည်။
ထို့အပြင် Android အသုံးပြုသူများအတွက် အသုံးပြုရလွယ်ကူစေရန် ဒီဇိုင်းပိုင်းကို အသစ်ပြန်လည်ရေးဆွဲထားကြောင်း သိရသည်။
Viber သည် မြန်မာနိုင်ငံ၌ လူသုံးအများဆုံးအွန်လိုင်းမှတစ် ဆင့် Message ပို့ပေးနိုင်သည့် အက်ပလီကေးရှင်း တစ်ခုဖြစ် ပြီး အသုံးပြုသူပေါင်း ငါးသန်းကျော်ရှိကြောင်း သတင်းထုတ် ပြန်ထားသည်။
လက်ရှိတွင် Viber မိုဘိုင်း အက်ပလီကေးရှင်းကို နိုင်ငံပေါင်း ၁၉၇ နိုင်ငံမှမှတ်ပုံတင်ထားသူ သန်း ၆၈၀ ရှိပြီး ပုံမှန်အသုံးပြုသူသန်းလေးရာကျော်ရှိကြောင်း သတင်းရရှိသည်။
အဆင်ပြေအောင်မြင်ပါစေ......
ငြိမ်းချမ်းသူ(နည်းပညာ)
http://nyeinchanthu3.blogspot.com/

0 comments:

Post a Comment