Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

အတွေးစာစု(၃)


အချိန်မတန်မီ ခူးတဲ့ပန်း မမွှေးပျံ့ နိုင်သေးဘူး။

အချိန်မတန်မီ ဆွတ်တဲ့သစ်သီး မချိုမြိန်နိုင်သေးဘူး။

အချိန်မတန်မီ ပြောတဲ့စကား အရာမထင်နိုင်သေးဘူး။

အချိန်မတန်မီ လုပ်တဲ့အလုပ် အထမမြောက်နိုင်ပါဘူး ။
အမုန်းရန်ငြိုးတွေလည်း ငြိမ်းအေးကင်းစင်သွားပါစေ....

ဒေါသမာနမီးလျှံတွေလည်း ငြိမ်းချမ်းပြီးဆုံးသွာပါစေ...

လူသားအားလုံးလည်းအသက် ဘေးအန္တရာယ်အပါင်းကနေ ကင်းလွတ်ငြိမ်းချမ်းကြပါစေ....

ပူပန်ကြောင့်ကြသောကမှန်သမျှ ကင်းစင်ငြိမ်းချမ်းကြပါစေသား။

ချစ်သူ ဆိုတာ...
ကိုယ်သယ်ပိုးရမယ့် ဝန်တစ်ခုကို ကိုယ်စားသယ်ပိုးပေးတတ်တဲ့ ကိုယ်ပွားတစ်ခု...
ကိုယ်ငိုကြွေးခါနီး ညင်သာစွာ အဆင်သင့်ဖြစ်နေတတ်တဲ့
ပခုံးတစ်ဖက်...
ကိုယ်လမ်းပျောက်ခါနီး လှမ်းပေးလာတတ်တဲ့ လက်တစ်စုံပါ ။
 


လူတိုင်းဆီက ချီးကျူးစကားသံတွေကြားချင်ခဲ့ ပေမယ့် ..

တခြားသူတစ်ယောက်ကို စတင်ချီးကျူးစကားဆိုဖို့ ..

ဝန်လေးတွန့်ဆုတ်ချင်နေလိမ့်မယ်..။

လူတိုင်းဆီက မာယာကင်းတဲ့ ရိုးသားတဲ့ ဆက်ဆံရေးကို

မျှော်လင့်နေမိသော်လည်း..

ကိုယ်က စတင်ရိုးသားကြည့်ဖို့ ..သတိမေ့ချင်မေ့နေလိမ့်မယ်..။

သူတစ်ပါးဆီက နက်ရှိုင်းလေးနက်လွန်းတဲ့  ချစ်မြတ်နိုးခြင်းကို

အလိုရှိတောင့်တလွန်းမိပေမယ့် ..

ကိုယ်ကိုယ်တိုင်က စတင်လေးနက်ကြည့်ဖို့ 

မလိုအပ်သေးဖူးလို့  ထင်ချင်ထင်မိနေလိမ့်မယ်..။

တကယ်သာ နေတတ်မယ်ဆိုရင် ဘဝဆိုတာ ပျော်စရာအကောင်းဆုံး ခရီးတစ်ခု...
တကယ်သာ ချစ်တတ်မယ်ဆိုရင် ချစ်သူဆိုတာ ကိုယ့်ရဲ့ရင်ချင်းဆက်
အဖော်တစ်ယောက်...
တကယ်သာ ကြိုးစားကြည့်မယ်ဆိုရင် အောင်မြင်မှုဆိုတာ ကိုယ့်အတွက်
အလှပဆုံး စိမ်ခေါ်မှုတစ်ခုပါ ...။
 အားလုံးပဲပျော်ရွင်ကြပါစေ.....
ငြိမ်းချမ်းသူ(နည်းပညာ)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics
 
 

0 comments:

Post a Comment