Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

အတွေးစာစု(၂)

ဘယ်သူကမှ မယုံကြည်နိုင်ဘူးဆိုရင်တောင်

ကိုယ်ကိုယ်ကိုယ်တော့ ယုံကြည်ရလိမ့်မယ်။

ဘယ်သူကမှ မလေးစားနိုင်ဘူးဆိုရင်တောင်

ကိုယ့်ကိုယ်ကိုယ်တော့ လေးစားရလိမ့်မယ်။

ဘယ်သူကမှ တန်ဖိုးမထားနိုင်ဘူးဆိုရင်တောင

ကိုယ့်ကိုယ်ကိုယ်တော့ တန်ဖိုးထားရလိမ့်မယ်။

ဘယ်သူကမှ မထူမတ်ပေးနိုင်ဘူးဆိုရင်တောင်

ကိုယ့်ကိုယ်ကိုယ်တော့ပြန်ထူမတ်နိုင်ရလိမ့်မယ်။
အရှုံးမပေးခြင်းဆိုတဲ့လက်တွေဟာ...

အောင်မြင်ခြင်းဆိုတဲ့ပန်းတိုင်ကို

မြဲမြံစွာ ဆုပ်ကိုင်ခွင့်ရှိတယ်....။
 

နင့်ကိုငါ သိပ်ချစ်ခဲ့ဖူးတယ်။

ဒါပေမယ့် နင်ဟာ ငါ့ရဲ့ ချစ်တွေနဲ့  မထိုက်တန်ပါလားလို့  သိလာတဲ့အခါမှာ

ငါ့ကိုယ်ငါ ဒဏ်ရာမရအောင် အားပေးနှစ်သိမ့်ရတယ်။

စိတ်ဓါတ်တွေကြံ့ခိုင်ရင့်သန်အောင် အားထုတ်ရတယ်။

လူတိုင်းဟာ အချစ်စစ် ..သစ္စာတရားနဲ့  မထိုက်တန်ပါလားလို့ 

ငါသိလိုက်ရတဲ့နောက်မှာ...

ငါ့ကိုယ်ငါပဲ ချစ်တတ်ဖို့ ၊ သစ္စာရှိဖို့  သင်ယူတတ်မြောက်ခဲ့ရတယ်။


 
အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် ဘက်တူညီမျှရမယ်။

ဒါမှ သက်တမ်းရှည်မယ်။

အချစ်မှာ တကိုယ်ကောင်းမဆန်ရဘူး။

သူ့ ဖက်ကို အမြဲငဲ့ကြည့်ဖို့ လိုတယ်။

ကိုယ်တစ်ယောက်တည်း ရှေ့ ကနေပြေးနိုင်တိုင်း

စွတ်ပြေးနေလို့ မရဘူး။

စောင့်ခေါ်နိုင်ရမယ်။

အဲဒါမှမဟုတ်ရင်

တစ်ယောက်က ကျန်ခဲ့မှာပဲ၊၊

လက်တွဲညီညီထားပြီး

နံဘေးချင်းကပ်ထားနိုင်မယ့် ဟာမိုနီမျိုးရှိမှ

အချစ်က ခိုင်မြဲတာပါ...၊၊

ဘဝကို အမြဲရယ်မောပျော်ရွှင်စွာ ဖြတ်သန်းတတ်သူတွေရဲ့ ဘဝဟာ အမြဲပျော်ရွင်ရယ်မာစရာတွေနဲ့ သာတွေ့ ကြုံရတတ်တယ်။

အရာရာကို သံသယတွေနဲ့ ပဲစောင့်ကြည့်တတ်သူတွေရဲ့  ဘဝကတော့
သံသယဖြစ်စရာတွေနဲ့ ချည်း ရင်ဆိုင်တိုးရတတ်ပြန်တယ်။

အမြဲတမ်းအားငယ်ကြေကွဲနေတတ်သူတွေကျတော့
အရှုံးတွေကပဲ အပါင်းအသင်းဖွဲ့ တတ်တယ်။

နေရာတကာမကောင်းမြင်စိတ်နဲ့ ရန်လိုတတ်သူတွေကိုတော့
ပြဿနာတွေနဲ့ ချည်းထိပ်တိုက်ဆုံဆည်းစေပြန်တယ်။

ဘဝကို ရိုးရိုးရှင်းရှင်း အရှိအတိုင်းရိုးစင်းစွာဖြတ်သန်းတတ်သူတွေအတွက်တော့
ဘဝဆိုတာ စင်းစင်းရှင်းရှင်းလေးပါပဲ၊၊

တကယ်တော့ ဘဝဆိုတာ ကိုယ်မြင်တတ်တဲ့ပုံရိပ်အတိုင်းပဲ ထင်ဟပ်တတ်တာမျိုးပါ၊၊
------------------------------
အောင်မြင်ပျော်ရွင်ပါစေ.....
ငြိမ်းချမ်းသူ(နည်းပညာ)
http://nyeinchanthu3.blogspot.com/
 
 

0 comments:

Post a Comment