Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

Google Launches YouTube Capture

Youtube ဆိုတာ ဗီဒီယိုဖိုင်တွေ အများဆုံး ရှိတဲ့ နေရာတစ်ခုပါ။ အခု ဗီဒီယိုတွေ ကြည့်ရုံနဲ့ အားမရဘဲ ကိုယ်တိုင် ရိုက်ပြီး တင်ချင်တဲ့သူတွေ အတွက် Youtube Camera App ထွက်နေပါပြီ။
ခုတလောမိုဘိုင်းဂိမ်း တွေဘက်မှာ ကျင်လည်တာများနေတဲ့ Google ကရုတ်ရုတ်သဲသဲ ဖြစ် သွားလောက် တဲ့ ရွေ့ကွက် တစ်ခုကို ထပ်ချ ပြလိုက် ပါပြီ။ iPhone နဲ့ iPod touch တွေ အတွက် Youtube Camera App ကိုအခု ဒေါင်းလုတ် ဆွဲလို့ ရပါပြီ။ ဒီ app ကဗီဒီယိုတွေ ရိုက်တဲ့ နေရာမှာ သုံးရမှာ ဖြစ်ပြီး ကိုယ်ဗီဒီယို ရိုက်ကူး ပြီးတာနဲ့ caption ထည့်လို့ ရမယ်၊ ဘယ် network တွေမှာ share လုပ်ချင်သလဲ ဆိုတာ ရွေးပြီး တင်လိုက်ရုံပါပဲ။ အရမ်း ကောင်းတဲ့ အချက် တစ်ချက်က တကယ်လို့ ကိုယ်က ဒီ app ကို minimize လုပ်ထားရင်တောင် app ကကိုယ့်ဗီဒီယိုဖိုင်ကို ဆက်တင် နေပေးသွားမှာပါ။

image1

ဒါ့အပြင် ကိုယ့်ဗီဒီယိုကို ဘယ်သူတွေပဲ ကြည့်လို့ ရမလဲ (private, unlisted, နဲ့ public) ဆိုတာ သတ်မှတ်လို့ ရပါတယ်။ ဒါကတော့ Youtube ရဲ့ Privacy Setting အတိုင်းပါပဲ။ နောက်ပြီးတော့ အရောင်တွေ ချိန်တာ၊ Stabilization၊ ဗီဒီယိုရဲ့ အတို၊အရှည် ပမာဏကို တည်းဖြတ်တာ၊ Youtube ကနေ နောက်ခံတီးလုံးကို အခမဲ့ ထည့်တာတွေ လုပ်လို့ ရပါတယ်။ ဒီလုပ်ဆောင်ချက်တွေ အားလုံးကို ကိုယ့်ရဲ့ စက်ထဲမှာ ရှိပြီးသား ဗီဒီယိုဖိုင်တွေ ပေါ်မှာအသုံးပြု နိုင်သလို မကြိုက်ရင်လည်း undo ပြန်လုပ်လို့ ရပါတယ်။ ဒါပေမယ့် youtube.com ကိုသွားပြီး ပြောင်းရ မှာပါ။ Youtube Camera App ဆိုတော့ Youtube ကိုတင်လို့ ရရမှာ သေချာတဲ့ အပြင် နောက်ဆက်တွဲ အနေနဲ့ Google+၊ Facebook၊ Twitter တွေမှာလည်း ဖိုင်တွေ တစ်ပြိုင်နက်တည်း တင်လို့ ရအောင် လုပ်ပေး ထားပါတယ်။

image2



Sources : Techcrunch 
အဆင်ပြေပါစေ....
http://nyeinchanthu3.blogspot.com/

0 comments:

Post a Comment