Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

Google's Sound Search Widget For Android

တစ်ခါတစ်လေ လမ်းသွားရင်းပဲ ဖြစ်ဖြစ်ကိုယ်ကြား လိုက်ရတဲ့ သီချင်းရဲ့နာမည်ကိုသိချင်ရင် ဒီ Google Sound Search widget ကိုသုံးပြီး လွယ်လွယ် ကူကူ ရှာလို့ ရပါပြီ။
တစ်ခါတစ်လေ ရေဒီယို ကပဲ ဖြစ်ဖြစ်၊ လက်ဖက်ရည် ဆိုင်က ပဲဖြစ်ဖြစ် ကြားလိုက် ရတဲ့ သီချင်း စာသား လေးတွေက တစ်ဆင့် သီချင်း နာမည်ကို သိချင်ရင် နာမည် ဖော်ပေးတဲ့ song identification services တွေရှိပါတယ်။ သိပ်တော့ မများဘူးပေါ့။ အခု Google ကအလားတူ သီချင်းရှာတဲ့ နေရာမှာ သုံးဖို့ widget တစ်ခုကို ထုတ်လိုက်ပါပြီ။ app မဟုတ်ဘဲ widget ဆိုတော့ အင်တာနက် ရှိဖို့ လို အပ်ပြီးတော့ သူ့ရဲ့ လုပ်ဆောင် ချက်က ရိုးရိုးလေးပါ။ သီချင်းနာမည် ဖော်ပေးမှာပါ။

image1

အရင်ကတော့ ဒီ widget ကို Nexus မှာပဲရပေမယ့် အခုတော့ Android တိုင်းမှာ သွင်းလို့ ရနေပါပြီ။ သွင်းပြီးတော့ Home Screen မှာထည့်လိုက်ပြီး ကိုယ်ကြားသမျှ သီချင်းတွေကို နာမည် ဖော်ခိုင်းလို့ ရပါပြီ။ နာမည် ဖော်ပေးခဲ့တဲ့ သီချင်းတွေကိုပါ မှတ်သားထား ပေးနိုင်ပါတယ်။ ဒီ widget ကသီချင်း နာမည်ကော ဈေးနှုန်းကိုပါ ဖော်ပြပေး ပါတယ်။ တကယ်လို့ ကိုယ်က ရှာခဲ့တဲ့ သီချင်းကိုပါ ၀ယ်ချင် တယ် ဆိုရင် Google Play Store ကတစ်ခါတည်း ၀ယ်လို့ ရအောင် လုပ်ပေးထားပြီး ကိုယ့်ရဲ့ Music library ထဲကို ထည့်လိုက်ရုံပါပဲ။ ကဲအခုပဲ Google Sound Search widget ကိုဒေါင်းပြီး သီချင်း နာမည်တွေ ဖော်ခိုင်းလိုက် ပါတော့။

image2
ဒီမှာဒေါင်းလိုက်ပါ.....


Sources : Makeuseof
အဆင်ပြေပါစေဗျာ..

0 comments:

Post a Comment