ရုပ်ရှင်တွေက
ထွက်တာ များလွန်းလို့ ဘယ်က စကြည့်ရမလဲ မသိတဲ့ သူတွေအတွက် Movie Twist
ကိုစမ်းသုံးကြည့်ပါ ဦး။ ဒီ app က Android ဖုန်းတွေ အတွက်ပဲ ဖြစ်ပါတယ်။
တစ်ခါတစ်လေမှာ
ဘာကြည့်ချင်တယ် ဆိုတာ သေချာ မသိဘဲ TV Channel တွေတစ်ခုပြီး တစ်ခု
ထိုင်ပြောင်းမိ နေတာမျိုး လုပ်ဖူး ကြမှာပါ။ ဒါမှမဟုတ် ကိုယ်က စိတ်အေးလက်အေး
ရုပ်ရှင်ကား ကောင်းကောင်း ကြည့်ချင်ပါတယ် ဆိုမှ တီဗီက စိတ်ညစ်စရာ
ကောင်းတဲ့ ရုပ်ရှင်တွေ လွှင့်နေလို့ စိတ်ညစ်ညစ်နဲ့ တီဗီ ထပိတ်ပစ်တဲ့
အခါမျိုးတွေလည်း ရှိမှာပါ။ ကဲ အခု Android ဖုန်းပိုင်ရှင်တွေ အတွက် Movie
Twist ဆိုတဲ့ app တစ်ခု ထွက်နေပါပြီ။ ဒီ app ကသင့်ကို ဘယ်ရုပ်ရှင်တွေက
သင်နဲ့ သင့်တော်မလဲ ဆိုတာ ၀ိုင်းပြီး ရှာပေးပါလိမ့်မယ်။

တခြား ဘယ်ရုပ်ရှင်တွေ ကြည့်သင့်သလဲ ဆိုတာ အကြံပေးတဲ့ Netflix, Amazon,နဲ့ Hulu စတာတွေနဲ့ မတူတဲ့ အချက်က အခု လက်ရှိ သင့်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အခြေအနေကိုဒီ app ကိုပြောပြလို့ ရပြီး သူက သင့်စိတ် အခြေအနေနဲ့ ကိုက်ညီမယ်လို့ ထင်တဲ့ ရုပ်ရှင်တွေကို အကြံပေး ပါလိမ့်မယ်။ ကိုယ်က ပျော်နေတာ၊ စိတ်တိုနေတာ စတဲ့ ခံစားချက် တစ်ခုခု အလိုက် သင့်တော်မယ် ထင်တဲ့ ဇာတ်ကားတွေကို အကြံပေး မှာပါ။ ဒါ့အပြင် ကိုယ်ကြိုက်တဲ့၊ ကြည့်ချင်တဲ့ ရုပ်ရှင်တွေကို မှတ်သားထား ပေးပြီး ကိုယ်မကြိုက်တဲ့ ဇာတ်ကားတွေဆို တစ်ခါတည်း စာရင်းထဲက ထုတ်ထားလို့ ရတာကြောင့် နောက်ပိုင်းမှာ ဒီမကြိုက်တဲ့ ကားတွေကို မဖော်ပြတော့ဘဲ ချန်ထားခဲ့ ပေးမှာပါ။ နောက်တစ်ခုက Tag လုပ်လို့ ရတာပါ။ ဘယ်လိုမျိုးလဲ ဆိုတော့ အကြံပေးတဲ့ ဇာတ်ကား တွေကို ကိုယ်နှစ်သက်တဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်စိတ်ကြိုက် tag လုပ်ပြီး ခွဲခြား သတ်မှတ်လို့ ရတာပါ။

နောက်ပြီးတော့ဒီ
app ကအကြံပေးတဲ့ ရုပ်ရှင်တွေ ပြန်ပြီး ကိုယ်တိုင် စီစစ် ရွေးချယ်လို့
ရအောင်လို့ individual sliders တွေထည့်ထား ပေးပါတယ်။ ကြမ်းကြမ်း
တမ်းတမ်းတွေ မပါဘဲ ရယ်ရတဲ့ ဇာတ်ကားတွေ ကြည့်ချင်တယ် ဆိုပါတော့။ သူနဲ့
သက်ဆိုင်တဲ့ ခေါင်းစဉ် အောက်မှာ အပေါ်တက်၊ အောက်ဆင်း ကြည့်ရှာလိုက်ပါ။
ကိုယ်လိုချင်တဲ့ အသေးစိတ် အချက်အလက်တွေကို နဲ့သက်ဆိုင်တဲ့ ခေါင်းစဉ်တွေ
အောက်မှာ explore ကိုနှိပ်ပြီး အကြံပြုချက်တွေကို ကြည့်ကြည့်ပါ။
ကိုယ့်တောင်းဆိုချက် အလိုက် ဇာတ်ကားတွေကို အစဉ်လိုက် စီထားပေးမှာ ဆိုတော့
လွယ်လွယ်ကူကူ ရွေးချယ်လို့ ရတာပေါ့။ အရေးကြီးဆုံး အချက်က Movie Twist
ကိုအလကား Google Play မှာဒေါင်းလို့ ရတာပါ။ :D

အဆင်ပြေပါစေ....
0 comments:
Post a Comment