Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

Sexually Aroused Women Find Everything Less Disgusting

Sex ကိစ္စဆိုတာ အနည်းနဲ့ အများဆိုသလို ညစ်ပတ်တာ ပါတယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး။ ခန္ဓာကိုယ်ကထွက် တဲ့ အနံ့နဲ့ အရည်တွေဟာ အပြန်အလှန် ရှိနေတာပဲ။
လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒဖြစ်လာပြီဆိုရင် အမျိုးသမီး တော်တော်များများဟာ လိင်ဆက်ဆံနေတဲ့ အတောအတွင်းမှာ ရွံရှာတဲ့ စိတ်ကို ခဏတာ ဖျောက်ပေးနိုင်တဲ့ Psychological mechanism တစ်ခု ဖြစ်လာတယ်လို့ Netherlands က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ Charmaine Borg နဲ့ Peter de Jong တို့က ဒီလို စမ်းသပ်မှု လုပ်ခဲ့ပါတယ်။ ပထမဆုံး အမျိုးသမီး အယောက် ၉၀ ကိုရွေးပြီး soft porn, vibrators, lubricants, voodoo dolls နဲ့ အင်းဆက်ပါတဲ့ အချိုရည် တစ်ခွက်ကို ပေးထား ပါတယ်။ ပြီးတော့ သုတေသန ပညာရှင်တွေက အမျိုးသမီးတွေကို အဖွဲ့သုံးဖွဲ့ ခွဲလိုက်ပါတယ်။ တစ်ဖွဲ့က လိင်ဆန္ဒ နှိုးဆော်ထားတဲ့ အဖွဲ့၊ နောက် လိင်ဆန္ဒ မနှိုးဆော်ထားတဲ့ အဖွဲ့နဲ့ လိင်ဆန္ဒကို ထိန်းချုပ်ထားတဲ့ အဖွဲ့တို့ ဖြစ်ပါတယ်။ ပထမဆုံး သူတို့ကို  behavioral tasks မျိုးစုံပေးပါတယ်။ ဥပမာ သုံးပြီးသား တစ်ရှူးကို ပြန်သုံးခြင်း၊ vibrator ကို ချောဆီသုတ်ခြင်း၊ သုံးပြီးသား ကွန်ဒုံကို ထိခြင်း၊ အင်းဆက်ပါတဲ့ အချိုရည်ကို ဖြည်းဖြည်းချင်း စုပ်ခြင်း စတဲ့ လှုပ်ရှားမှု တွေကို လေ့လာ ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ moral task ကို စစ်ပါတယ်။ Voodoo dolls ပေးထားတဲ့အခါ သူတို့ မုန်းတဲ့သူဆိုရင် ဓါးနဲ့ ထိုးတာတို့၊ သူတို့ သဘောကျတဲ့ လူတစ်ယောက်ရဲ့ အင်္ကျီလို့ ပြောလိုက်ရင် တမ်းတမ်းစွဲစွဲ ဖြစ်နေတာတွေ တွေ့ရပါတယ်။

၁

ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်ကတော့ လိင်ဆန္ဒ လှုံ့ဆော်မှုဟာ ရွံ့ရှာတတ်တဲ့ စိတ်ကို ဘယ်လို သက်ရောက်စေတယ် ဆိုတာကို စမ်းသပ်ဖို့ ဖြစ်ပါတယ်။Borg နဲ့ De Jong တို့ ရှာဖွေ တွေ့ရှိတာ ကတော့ လိင်ဆန္ဒ လှုံ့ဆော်မှု ခံထားရတဲ့ အမျိုးသမီးတွေဟာ sex နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို တခြား အမျိုးသမီး တွေထက် ပိုပြီး မရွံမရှာ ဖြစ်ကြတာကို တွေ့ရပါတယ်။ ပိုပြီး စိတ်ဝင် စားစရာ ကောင်းတာကတော့ သူတို့ဟာ sex နဲ့ မပတ်သက် တာတွေကိုပါ မရွံ့မရှာ ဖြစ်လာ ကြပါတယ်။ လှုံ့ဆော် ခံထားရတဲ့ အဖွဲ့ဟာ တခြား အဖွဲ့တွေနဲ့ ယှဉ်ရင် အများဆုံး ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီး တွေမှာရှိတဲ့ sexual arousal နဲ့ diminished disgust response ဟာ စပ်ဆက်မှု ရှိတယ်ဆိုတာ သေချာနေပါပြီ။ ဒါပေမယ့် အမျိုးသားတွေဆီမှာ ဒီလို တူညီတဲ့ စပ်ဆက်မှု ရှိသလား ဆိုတာတော့ မသေချာ သေးပါဘူးတဲ့။

2

ဒါ့အပြင် အမျိုးသမီးတွေမှာ ဖြစ်တဲ့ sexual dysfuncition သွယ်ဝိုက် ပတ်သက်မှု ကိုလည်း လေ့လာ မိပါတယ်။ လိင်ဆက်ဆံ နေတဲ့ အချိန်မှာ ရွံ့ရှာစိတ် ဖြစ်တဲ့ အမျိုးသမီးတွေဟာ လိင်ဆန္ဒကို အပြည့်အ၀ လှုံဆော်ခြင်း မခံရတာကြောင့် ဖြစ်နိုင်သလို သူတို့ရဲ့ Disgust Reduction Response ဟာ ယို့ယွင်း အားနည်း နေလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဖြည့်စွက် ဖော်ပြခဲ့ပါတယ်။

Written by Nunki, Images from Telegraph, io9 - Source from io9
အဆင်ပြေပါစေ....

1 comment:

  1. :k

    Original from: http://nyeinchanthu3.blogspot.com/2013/11/sexually-aroused-women-find-everything.html
    မူလစာရေးသူ -->>ငြိမ်းချမ်းသူ(နည်းပညာ)

    ReplyDelete